Release date : 2023-03-02
Production country :
United States of America
Production company :
Netflix
Durasi : 48 Min.
Popularity : 24.7121
7.07
Total Vote : 1339
B.B.Easton ရဲ့ 44 Chapters about Men ကိုအခြေခံရိုက်ကူးထားတဲ့ Sex/Life ဟာတော့ စားစော်ကြီး တစ်ယောက် အကြောင်းပဲဖြစ်ပါတယ်။ ဘီလီ ကော်နယ်လီဆိုတဲ့ မိန်းမဟာ တော်တော့ကို ထန်တဲ့သူပါ။ ဘယ်လောက်ထန်သလဲဆို ကလေးနို့တိုက်ရင်းတောင် စိတ်က ကယောင်ချောက်ချားတွေ မှန်းဖီးလ်ပါတယ်။ ဟုတ်ပါတယ် သူကလင်ရှိအမျိုးသမီး ကလေးနှစ်ယောက် အမေပါ။ လင်ရှိရဲ့သားနဲ့ ဘာလို့ ဒီလောက်ဖြစ်နေလဲမေးရင်တော့ သူ့လင် ကူပါက ကလေး(၂)ယောက်မွေးပြီး သူ့တာ၀န်ကျေပြီ ထင်နေတဲ့ကောင်စားလို့ ပြောရမှာပေါ့။ ဒီတော့ ဘီလီတစ်ယောက် သူ့ရဲ့ အတိတ်တုန်းက သူဌေး၊ ငမွဲမချန် ရှိသမျှကောင်းဆိုးလေးတွေနဲ့ ကျုံးခဲ့တာတွေကို သူ ပြန်တမ်းတပြီး သူကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ အိမ်ထောင်သည် ဘ၀ကို နောင်တရသယောင် ရှိလာပါတော့တယ်။ အဲ့ဒီတော့ ဘီလီတစ်ယောက် ဘယ်လိုထွက်ပေါက်ရှာမလဲ ဆိုတာ ကတော့ ပရိသတ်ကြီး အခုပဲ ဒေါင်းပြီး စူးစမ်းလိုက်ပါတော့။ ဇာတ်လမ်းက သူ့ ဇာတ်အိမ်နဲ့သူ အထာကျနေတာမလို့ ပေါ့ပျက်ပျက်လို့တော့ မထင်လိုက်ပါနဲ့၊ အိမ်ထောင်ရေးနဲ့ စတဲ့ relationshipတွေအတွက် ပညာပေးတဲ့ ဇာတ်လမ်းမျိုးပါ ။ နောက်ပြီးတော့Netflix ရဲ့ထုံးစံအတိုင်း attention လည်းအရယူနိုင်ပြီးစိတ်၀င်စားဖွယ် ရိုက်ကူးထားပါတယ်။
Related Movies✨

1999

2015

2015

2019

2021

2019

2016

2015

2015

2011

1999
