Release date : 2007-11-23

Production country :
Spain

Production company :
Filmax, Castelao Productions, Canal+ España, TVE, ICO

Durasi : 78 Min.

Popularity : 8

7.22

Total Vote : 4,567

Rec ဆိုတဲ့နာမည်အတိုင်း ဇာတ်ကားတစ်ကားလုံးကို Document တစ်ခုလိုရိုက်ထားတဲ့အတွက် Horror ရုပ်ရှင်ကို First Person အနေနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာအဖြစ် Paco Plaza နဲ့ Jaume Balaguero တို့က ရိုက်ကူးပေးထားပြီး သရုပ်ဆောင်တွေအနေနဲ့ Manuela Velasco, Ferran Terraza, Carlos Lasarte တို့နဲ့အတူ ကင်မရာမန်းအဖြစ် Pablo Rosso တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ တီဗီအစီအစဉ်တင်ဆက်သူဖြစ်တဲ့ အန်ဟယ်လာ(Manuela Velasco)နဲ့ ကင်မရာမန်းဖြစ်သူ ပါဘလို(Pablo Rosso)တို့ဟာ မီးသတ်ဌာနရဲ့ လုပ်ငန်းစဉ် တွေကို လေ့လာဖို့အတွက် ရိုက်ကူးနေစဉ်မှာပဲ တိုက်ခန်းတစ်ခုမှာလူတစ် ယောက်ပိတ်မိနေတယ်ကြောင်း လိမ်လည် သတင်းပေးပြီး သူတို့အကုန်လုံးကို တိုက်ထဲမှာ ခေါ်ပိတ်ထားလိုက်တယ် အဲ့ဒီတိုက်မှာ တကယ်ကဘာတွေဖြစ်နေတာလဲ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲ အဲ့ဒီတိုက်ထဲကနေထွက်ဖို့ ဘယ်လိုကြိုးစားကြမလဲဆိုတာကတော့ သွေးသံရဲရဲနဲ့ ကြောက်လန့်စရာအခန်းတွေပါဝင်တာကြောင့် ကလေးသူငယ်များနဲ့ နှလုံးမကောင်းသူများ ကြည့်ရှုဖို့ မသင့်တော်ပါဘူး ခင်ဗျာ။