Stay

Release date : 2005-09-24

Production country :
Switzerland, United States of America

Production company :
Epsilon Motion Pictures, Regency Enterprises, New Regency Pictures, 20th Century Fox

Durasi : 99 Min.

Popularity : 5

6.59

Total Vote : 1,378

Ryan Gosling Ewan McGregor တို့လိုဝါရင့်သရုပ်ဆောင်ကြီးများပါ၀င်ထားတဲ့ThrillerMystery ကားလေးတကားနဲ့မိတ်ဆက်ပေးပါရစေဆမ် ဖော်စတာဟာစိတ်ရောဂါကုဆရာ၀န်တယောက်ပါ။တနေ့မှာ ဟင်နရီဆိုတဲ့ စိတ်ဓာတ်ကျရောဂါခံစားနေရတဲ့အနုပညာကျောင်းသားလေးတယောက်ကသူ့ဆီကိုရောက်လာခဲ့တယ်။ထူးဆန်းတာကဟင်နရီရဲ့အဖြစ်အပျက်တွေ အခြေအနေတွေကတခုမဟုတ်တခုထူးဆန်းနေတယ်။ အနာဂတ်ကိုကြိုပြောနိုင်တာမျိုး‌တွေလည်းရှိသလို ဆမ်နဲ့တခြားလူ‌တွေရဲ့တချို့အကြောင်းကိစ္စတွေကိုမပြောပဲသိနေတာတွေကအစရှိနေတယ်။ဟင်နရီကသူ့ကိုယ်သူ၃ရက်အတွင်းအဆုံးစီရင်တော့မယ်လို့ပြောပြီးနောက်မှာတော့ဆမ်တယောက်ဟင်နရီ့ကိုကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ဟင်နရီရဲ့အတွေးကမ္ဘာ အတုအယောင်ဆိုတာကနေကယ်ဖို့ကြိုးစားရင်း ဆမ်ကရောကိုယ့်ရဲ့ဖြစ်တည်မှုကိုအစစ်အမှန်လားမေးခွန်းထုတ်ရတဲ့အထိဖြစ်လာတဲ့အခါမှာတော့ဘာကအမှန်လဲဘာကအမှားလဲဘာကတကယ့်အစစ်အမှန်ဖြစ်ပေမယ့်ဘာကကိုယ့်စိတ်ကကိုယ့်ကိုလှည့်စားနေတာဖြစ်နေတာလဲ?ဟင်နရီ့ကိုရောကယ်တင်နိုင်ပါ့မလားဆိုတာကိုstay ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးပါဦး။