Release date : 2023-01-26
Production country :
France, United Kingdom
Production company :
Working Title Films, Instinct Productions, StudioCanal
Durasi : 109 Min.
Popularity : 2
6.02
Total Vote : 218
အဖြစ်ကတော့ ဒီလို။ ကက်ဇ် က “အိမ်ထောင်ရေးမှာ အချစ်ဆိုတာက ပါမွှားပါ၊ နောက်ကျ သူ့အလိုလိုအဆင်ပြေသွားလိမ့်မယ်” ဆိုတဲ့ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လန်ဒန်မှာမွေးတဲ့ ပါကစ္စတန်သား ဆရာဝန်တစ်ယောက်။ ဇိုဝီကတော့ မှတ်တမ်းရုပ်ရှင်တွေ ဖန်တီးတဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဆုတွေပါ ရရှိထားတဲ့ ဗြိတိန်သူလေး။ “ယောက်ျားယူတာ ကောင်းတယ်ဆိုတာ ပုံပြင်တွေထဲမှာပဲ ရှိတယ် အပြင်မှာတော့ ယောက်ျားတွေက အလကားပဲ” ဆိုတာ သူ့ဆောင်ပုဒ်ပေါ့။ သူတို့နှစ်ယောက်က ငယ်စဉ်တည်းက အိမ်နီးချင်းတွေဖြစ်ပြီး မိသားစုချင်းကလည်း ပြောမနာဆိုမနာတွေဆိုပါတော့။ တစ်ရက်မှာ ကက်ဇ်ရဲ့မိဘတွေက သူတို့ရဲ့ ပါကစ္စတန်ရိုးရာအတိုင်း သူ့ကိုအိမ်ထောင်ချပေးဖို့ စီစဉ်ကြပါလေရော။ အဲဒီမှာ ဇိုဝီက ကက်ဇ်ရဲ့ မိဘတွေအချင်းချင်း စီစဉ်ကြတဲ့ လက်ထပ်ပွဲကို မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးမယ်ဆိုပြီး ဖြစ်လာခဲ့တာပေါ့။ ဆိုတော့ ပါကစ္စတန်သားတွေရဲ့ အိမ်ထောင်ဖက်ရှာကြပုံတွေ၊ မိဘတွေစီစဉ်တဲ့ အိမ်ထောင်ရေးအကြောင်းတွေကို ရယ်စရာလေးတွေနှောပြီး ကြည့်ရှု့ရမဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။