Release date : 1980-02-07
Production country :
United States of America
Production company :
AVCO Embassy Pictures, EDI, Debra Hill Productions
Durasi : 90 Min.
Popularity : 2
6.72
Total Vote : 1,599
အန်တိုနီယိုဘေး ကမ်းခြေမြို့လေးဟာ မြို့စတည်တည်းက သူ့နည်းသူ့ပုံနဲ့ အစဉ်တိုးတက်ကြီးပွားလာခဲ့တာ မြို့သက်တမ်း နှစ်တစ်ရာတိုင်လာခဲ့ပြီ။ ဆိတ်ငြိမ်တဲ့ဒီမြို့လေးနဲ့ သူတို့မြို့သားတွေအတွက် နှစ်တစ်ရာပြည့် အထိမ်းအမှတ်ပွဲဟာ စိတ်လှုပ်ရှားစရာတစ်ခု ဖြစ်နေသလို၊ မြို့လူကြီးတွေကလည်း ကြေကွဲဖွယ်အဖြစ်ဆိုးနဲ့ စတင်ခဲ့တဲ့ သူတို့မြို့ရာဇဝင်နဲ့အတူ အန်တိုနီယိုဘေးကို စတင်တည်ထောင်ခဲ့ကြသူ ဘိုးဘေးတွေကိုပါ အထူးဂုဏ်ပြုဖို့ ပြင်ဆင်နေကြတယ်။အဲဒီလို သက်တမ်းနှစ်တစ်ရာပြည့်မယ့်အချိန်နဲ့ နီးကပ်လာချိန် သူတို့မြို့အမှီသဟဲပြု ရှင်သန်နေကြတဲ့ ပင်လယ်ပြင်ထဲမှာလည်း ဆန်းကြယ်တဲ့ဖြစ်ရပ်တစ်ခုက ဖြစ်ပေါ်လာနေတယ်။ လောကနိယာမတွေနဲ့ ဆန့်ကျင်နေသယောင် မြူခိုးထုကြီးတစ်ခုဟာ အန်တိုနီယိုဘေးနဲ့တစ်ဝိုက် ရေပြင်နားမှာ အဖြေရှာရခက်စွာ ပေါ်လာတတ်ပြီး သေကျေပျက်စီးမှုတွေကို ချန်ရစ်ပြီးတော့ ပြန်လည်ပျောက်ကွယ်သွားတတ်တာကို သိထားကြသူတချို့က ဒီမြူနဲ့ပတ်သက်တဲ့မေးခွန်းတွေအတွက် အဖြေရှာဖို့ အပူတပြင်းကြိုးစားနေချိန် သူတို့မြို့လေးရဲ့ရာဇဝင်ထဲက ဘယ်သူမှမသိထားကြတဲ့ ယုတ်မာရက်စက်တဲ့ လျှို့ဝှက်ချက်တစ်ခုကလည်း တစ်စထက်တစ်စ ပေါ်ထွက်လာခဲ့တယ်။
Related Movies✨

1958

1987

2023

1979

1984

2006

1975

2006

1999

1987

1980
