The To Do List

Release date : 2013-07-24

Production country :
United States of America

Production company :
3 Arts Entertainment, The Mark Gordon Company, Varsity Pictures

Durasi : 104 Min.

Popularity : 2

5.80

Total Vote : 1,028

ဘရန်ဒီ ကလက်ခ်ဆိုတာ အထက်တန်းကျောင်းကလောလောလတ်လတ်ဘွဲ့ရထားတဲ့ ကျောင်းသူလေးပါ။ ကျောင်းစာမှာ ထိပ်ဆုံးရောက်အောင် ထူးချွန်ပြီးအဘက်ဘက်က ပြည့်စုံတဲ့သူပေမဲ့ တစ်ခုတော့ လိုအပ်နေပါတယ်။လိင်ကိစ္စနဲ့ပတ်သက်တဲ့ အတွေ့အကြုံမရှိတဲ့ ပြစ်ချက်လေးပါပဲ။ ဘရန်ဒီတစ်ယောက် အထက်တန်းဘွဲ့ရပါတီမှာ ခပ်မိုက်မိုက်ကောလိပ်ကျောင်းသား ရပ်စတီဝါးတားစ်နဲ့ တွေ့ပြီးကြွေသွားမိသွားပါတော့တယ်။ ဒါပေမဲ့ သူငယ်ချင်းတွေကတော့ လိင်ကိစ္စနဲ့ပတ်သက်လို့ ဘာဆိုဘာမှမသိတဲ့ ဘရန်ဒီရဲ့ အဆင့်ကရပ်စတီကို မီဖို့ အများကြီးလိုနေတယ်လို့ ပြောကြပါတယ်။ ဒီတော့ ဘရန်ဒီတစ်ယောက် ရပ်စတီကို ဘယ်လို မီအောင် လိုက်မလဲ။ဘရန်ဒီကလည်း ထူးချွန်ကျောင်းသူပီပီ လိင်ကိစ္စနဲ့ ပတ်သက်ပြီးသူ လုပ်ဖို့လိုတာတွေကို စာရင်းတစ်ခု ပြုစုလိုက်ပါတော့တယ်။ စာရင်းထဲက စမ်းသပ်ချက်တွေကို လုပ်ဖို့ ပူးကောင်လေးကတော့သူ့ကို ကြိတ်ကြွေနေတဲ့ သူငယ်ချင်းလေး ကမ်မရွန်ပါ။ ဒီတော့ ကောလိပ်မရောက်ခင် ပညာစုံသင်မယ့်ဘရန်ဒီတစ်ယောက် ဘာတွေ လက်တည့်စမ်းဦးမလဲကိုယ့်ကိုကြွေနေတဲ့ သူငယ်ချင်း ကမ်မရွန်နဲ့ကိုယ်က ကြွေနေတဲ့ ခပ်မိုက်မိုက်ကောင်လေး ရပ်စတီကြားဘယ်လိုတွေ ဗျာများဦးမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးနော်